Print

၃၀ အရွယ်တွင် စတင်သတိထားသင့်ပြီဖြစ်သည့် အသားအရေ ထိခိုက်စေနိုင်သော အချက်...

  27-Feb-2017
Preview Image

၁။ နှုတ်ခမ်းကိုမေ့လျော့ထားခြင်း

အရေပြားရဲ့ ဆဲလ်အလွှာသုံးခုကနေ ငါးခုအထိ နှုတ်ခမ်းပေါ်မှာ ရှိနေပါတယ်။ ဒါကြောင့် သင့်အသားအရေထိန်း ပစ္စည်းတွေထဲမှာ နှုတ်ခမ်းအတွက်ပါ ထည့်သွင်းထားဖို့ လိုပါတယ်။ ခြောက်သွေ့ကာ အက်နေတဲ့ နှုတ်ခမ်းတွေရှိရင် အိုမင်းလွယ်စေနိုင်ပါတယ်။ ဒါကြောင့် ရေနံဂျယ်လီ (Petrolatum)၊ ဒိုင်မီသီကုန်းနဲ့ ဂလစ်ဆရင်းတို့ပါတဲ့ နှုတ်ခမ်း ဆိုးဆေးအဆီနဲ့ နှုတ်ခမ်းနီကိုသုံးပေးပါ။ ဒါမှသာ နှုတ်ခမ်းသား ရေဓာတ်ပြည့်ဝ ကာ နူးည့ံနေမှာ ဖြစ်ပါတယ်။ 

 

၂။ ခေါင်းအုံးစွပ်များ ညစ်ပတ်နေခြင်း

ညဘက်မှာ အသားအရေကို အနားပေးဖို့နဲ့ ဆဲလ်ဟောင်းတွေ ကွာကျဖို့ အခွင့် အရေးရပါတယ်။ ဒါကြောင့် ခေါင်းအုံးစွပ်မှာ ဆဲလ်သေတွေ ကပ်ငြိကာ ဘက်တီးရီးယားနဲ့ အဆိပ်အတောက်တွေ ကပ်သွားတတ်ပါတယ်။ အသားအရေ ကျန်းမာစေဖို့အတွက် ခေါင်း အုံးစွပ်ကို အနည်းဆုံး နှစ်ပတ်တစ်ကြိမ် လဲပေးသင့်ပါတယ်။ 

 

၃။ ကိုယ်အလေးချိန်လျှော့လိုက်၊ ပြန်တက်လိုက်ဖြစ်နေခြင်း

ဝလာရင် ကိုယ်အလေးချိန်လျှော့လိုက်၊ ပိန်သွားချိန် အစာများများစားလိုက်၊ အဲဒီလို လုပ်တာကြောင့် အသားအရေပေါ်မှာ ဆိုးဆိုးရွားရွား သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ ကိုယ်အလေးချိန် မကြာခဏတက်လိုက်၊ ပြန်ကျလိုက်ဖြစ်တာ ကြာလာရင် အရေပြားမှာ အကြောပြတ်ရာထင်ကာ အရေပြာလျော့တွဲမှုတွေ ဖြစ်လာတတ်ပါတယ်။ 

 

၄။ သကြားအလွန်အမင်းစားခြင်း

သကြားကို အလွန်အမင်းစားတာကြောင့် အရေပြားရှိ ကော်လာဂျင်တွေ ကို လျော့ပါးသွားစေပြီး အရေပြားကို တွဲကျစေပါတယ်။ အချိုကြိုက်ရင် သရက်သီး၊ သင်္ဘောသီးတို့လို သဘာဝ အသီးအနှံတွေကို စားပြီး သကြားကိုရှောင်သင့်ပါတယ်။ 

 

၅။ မိတ်ကပ်လိမ်းလျက် အိပ်စက်ခြင်း

လိမ်းထားတဲ့ မိတ်ကပ်တွေကို မဖျက်ဘဲ အိပ်စက်တာကြောင့် ဘက်တီးရီးယား ပိုးဝင်နိုင်ခြေများပြီး ချွေးပေါက်ပိတ်ကာ ဝက်ခြံတွေ ဖြစ်စေနိုင်ပါတယ်။ ခေါင်းအုံးပေါ်မှာ ကပ်ကျန်နေတဲ့ အညစ်အကြေးတွေကြောင့် နာမကျန်းမှုကိုလည်း ဖြစ်စေနိုင်ပါသည်။ ဒါကြောင့်မိတ်ကပ်တွေကို သန့်စင်ပြီးမှ အိပ်ရာဝင်သင့်ပါတယ်။

 

၈။ အိပ်ရေးမဝခြင်း

တစ်ညမှာ အချိန် ရှစ်နာရီအိပ်စက်မှသာ သင့်ကိုလန်းဆန်းစေပြီး အသားအရေ အားပြည့်ကာ ရေဓာတ်ပြည့်ဝမှု ရှိမှာပါ။ ညဘက် ကောင်းကောင်းအိပ်ရေးမဝရင် အသား အရေနွမ်းနယ်ပြီး ချွေးပေါက်ပိတ်စေ နိုင်ပါတယ်။ 

 

၉။ ဆိုဒီယမ်များများစားလွန်းခြင်း

ဆိုဒီယမ် များများပါတဲ့ အစာကို စားတာကြောင့် အရေပြားကနေ အစိုဓာတ် ခန်းခြောက်ပြီး အသားအရေ ခြောက်သွေ့တာနဲ့ နွမ်းနယ်တာတို့ ဖြစ်စေနိုင်ပါတယ်။ ဒီလိုမဖြစ်စေဖို့ ဆားများတဲ့ အစာတွေကို ရှောင်ပါ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။

 

၁၀။ မျက်နှာပေါ်တွင် ဆံပင်လိမ်းပစ္စည်းများ ကပ်ငြိနေခြင်း

ဆံပင်လိမ်းပစ္စည်းတွေ လိမ်းတဲ့အခါ အသားအရေကို ကာကွယ်နိုင်ဖို့ မျက်နှာပေါ် မှာ သန့်ရှင်းတဲ့ တဘက်တစ်တည်နဲ့ အုပ်ထားပါ။ အားကစားခန်းမမှာ လေ့ကျင့်ခန်း လုပ်တဲ့အခါ မျက်နှာပေါ်ကို ဆံပင်လိမ်းပစ္စည်းတွေ ချွေးနဲ့အတူ စီးကျမလာစေဖို့ ခေါင်းပတ် ပတ်ထားပါ။

 

၁၁။ လေ့ကျင့်ခန်းမလုပ်ခြင်း

လေ့ကျင့်ခန်းလုပ်တာကြောင့် သွေးစီးဆင်းမှုကို ကောင်းစေပြီး မျက်နှာကို တောက် ပစေပါတယ်။ ဒါ့အပြင် လေ့ကျင့်ခန်းပုံမှန်လုပ်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ် အတောက်တွေကို ကင်းစင်သွားစေကာ အရေပြားဆဲလ်သေတွေ ကင်းပြီး ဆဲလ်သစ်တွေ ထွက်ရှိလာစေပါတယ်။ ပုံမှန်လေ့ကျင့်ခန်းလုပ်တာကြောင့် သက်ကြီးအစက်အပြောက်တွေ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ 

 

၁၂။ ဝက်ခြံညှစ်ခြင်း

မျက်နှာပေါ်က အရေပြားကို လက်နဲ့ တို့ထိတာ၊ ဝက်ခြံအဖုအပိမ့်တွေကို ညှစ် တာကြောင့် ချွေးပေါက်တွေထဲကို အညစ်အကြေးနဲ့ ဘက်တီးရီးယားတွေ အတွင်းထဲအထိ ဝင်ရောက်သွားစေနိုင်ပါတယ်။ အဲဒီအခါ အပြစ်အနာအဆာနဲ့ အမာရွတ်တွေ ပိုထင် လွယ်စေပါတယ်။ အသက် ၃၀ အရွယ်မှာဖြစ်ပေါ်တဲ့ အမာရွတ်တွေက မပျောက်လွယ် တဲ့အတွက် အထူးဆင်ခြင်သင့်ပါတယ်။ 

 

၁၃။ အဲကွန်းဖွင့်လွန်းခြင်း

အဲကွန်းဖွင့်လွန်းရင်လည်း အရေးပြားရှိ အစိုဓာတ်တွေ လျော့ကျစေပါတယ်။ အဲကွန်းအအေးရှိန်ကို မြှင့်လွန်းတာကြောင့် လေထုစိုထိုင်းဆ မရှိတာကြောင့် အသားအရေ ကို ခြောက်သွေ့စေပါတယ်။ 

 

၁၄။ ရေအလုံအလောက်မသောက်ခြင်း

နေ့တိုင်း ရေအလုံအလောက်သုံးတာကြောင့် အိုမင်းမှုကို တွန်းလှန်နိုင်ပြီး အသားအရေကို ကျန်းမာစွာ တောက်ပစေပါတယ်။ ရေကို အလုံအလောက်မသောက် တာကြောင့် အသားအရေကြမ်းပြီး ခြောက်ခန်းနေတတ်ပါတယ်။ 

 

၁၅။ အစာမစားဘဲရှောင်ခြင်း

အစာမစားဘဲ ရှောင်တာကြောင့် အသားအရေကို ခပ်မြန်မြန်အိုစာစေပြီး
ခြောက်သွေ့နှုန်း မြန်စေပါတယ်။ အသားအရေ ကျန်းမာလှပစေဖို့ သင်စားတဲ့အစာထဲမှာ ဗီတာမင်စီ (လိမ္မော်သီး)၊ ဗီတာမင် B3 (မြေပဲ)၊ ဗီတာမင်အီး (ထောပတ်သီး) နဲ့ ဗီတာမင်အေ (ကန်စွန်းဥ) တို့ကို ထည့်စားသင့်ပါတယ်။

 

၁၆။ မိတ်ကပ်လိမ်းလွန်းခြင်း

တစ်ပတ်မှာ ရက်အနည်းငယ်လောက် မိတ်ကပ်မလိမ်းဘဲနေကာ အရေပြားကို လေ ဝင်လေထွက် ကောင်းအောင်ထားပါ။ နေ့တိုင်း မိတ်ကပ်အများအပြား လိမ်းတာကြောင့်
ချွေးပေါက်ပိတ်ပြီး အရွယ်မတိုင်ခင် အိုမင်းမှုကို ဖြစ်စေနိုင်ပါတယ်။

 

Healthcare.com.mm သင့်ကျန်းမာရေး စောင့်ရှောက်ပေး
Credit:
ဇွန်ခိုင်ဦး (ဆေးဝါးတက္ကသိုလ်)
Arogyam magazine, September 2014, No.266, Pg. 107-111



Related Articles


Advertisment 18

Advertisment 18

Advertisment 18

Advertisment 18

Advertisment 18